Spectrum noline nosdkn largerS Csw3 

NEWS 175 S140808904 H

Spectrum

Sustainable Development Knowledge Network

"Resources - Rights - Justice"

Spectrum က စီမံအုပ်ချုပ်မှုစနစ်နှင့် ပြည်သူ့အခြေပြုတာဝန်ခံယူမှုဆိုင်ရာ မွမ်းမံသင်တန်းကို ဘားအံမြိုတွင် ၂ ရက်ကြာကျင်းပခဲ့

၂၀၁၈၊ နိုဝင်ဘာ ၂၄ ရက်နှင့် ၂၅ ရက် က ဘားအံ မြို့ရှိ တော်ဝင်ရတနာဟိုတယ်တွင် ပြည်သူ့အခြေပြု တာဝန်ခံယူမှုဆိုင်ရာ စီမံကိန်းတွင်ပါဝင်သည့်  စီမံအုပ်ချုပ်မှု စနစ်နှင့် ပြည်သူ့အခြေပြု တာဝန်ခံယူမှုဆိုင်ရာ မွမ်းမံသင်တန်းကို Spectrum က ဦးဆောင်ကျင်းပခဲ့သည်။

ထိုသင်တန်းဖွင့်ပွဲအခမ်းအနားကို ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဦးသန်းနိုင်ကတက်ရောက်ခဲ့ပြီး အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဝန်ကြီး ဦးသန်းနိုင်မှ အစိုးရ၏ ဘတ်ဂျက် ပွင့်လင်းမြင်သာမှုကို ပြည်သူများ သိရှိရန်အရေးကြီးပြီး မိမိတို့ အစိုးရလက်ထက်တွင်ဘတ်ဂျက်ပွင့်လင်းမြင်သာမှုရရှိရန်အတွက်  ပိုမိုအားထုတ်လျှက်ရှိကြောင်းကို ပြောကြားခဲ့သည်။ ဦးသန်းနိုင်က " အရင်အစိုးရ လက်ထက်ကတည်းက ဘတ်ဂျက်ကို ပြည်သူတွေသိလာအောင် စလုပ်ခဲ့တယ်၊ ကျွန်တော်တို့အစိုးရ လက်ထက်မှာ ဆက်ပြီးတော့ လုပ်ဆောင်ခဲ့တယ်၊ ဘတ်ဂျက်ကို အစိုးရဘယ်လိုသုံးလဲ ဆိုတာကို သိလာအောင် Spectrum လို Asia Foundation လိုအဖွဲ့တွေက အကူအညီပေးတဲ့အတွက် ပြည်သူတွေကြားထဲပိုသိလာ တယ်၊ ပြည်သူအခြေပြုတဲ့ ဘတ်ဂျက်ရေးဆွဲဖို့အတွက် အရပ်ဖက်အဖွဲ့အစည်းတွေက ဝိုင်းဝန်းဆောင်ရွက်မယ် ဆိုရင် ပိုကောင်းတဲ့ အလားအလာဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

Spectrum ၏ စီမံကိန်းညှိနှိုင်းရေးမှူးဒေါ်နော်မေခင်သက်က လည်း သင်တန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားရာတွင် " ပြည်သူ့ဗဟိုပြု ဘတ်ဂျက်ရေးဆွဲတဲ့အခါမှာအရပ်ဖက်အဖွဲ့အစည်း တွေရဲ့ အခန်းကဏ္ဍက ပိုပြီးအရေးကြီးလာပါတယ်၊ Spectrum က ပြည်သူ့အခြေပြုတာဝန်ခံယူမှုနဲ့ ဆိုင်တဲ့ သင်တန်းတွေကိုလည်း ယခုနှစ်အတွင်း ၂ ကြိမ်ပေးခဲ့ပြီးဖြစ်တယ်၊ အခုတစ်ကြိမ် မွမ်းမံသင်တန်းမှာ Citizen Budget ကို ဘယ်လိုရေးဆွဲနိုင်သလဲဆိုတာနဲ့ Citizen Budget ရေးဆွဲတဲ့ အခါမှာ ပြည်သူတွေ ဘယ်လိုပါဝင်နိုင်လဲဆိုတာကိုကျယ်ကျယ်ပြန့်ပြန့်သိစေချင်လို့အခုမွမ်းမံသင်တန်းကိုဆောင်ရွက်ရခြင်းဖြစ်ပါတယ်"ဟုပြောကြားသည်။  ထို့အပြင် ဒေါ်နော်မေခင်သက်က စီမံကိန်းတွင် ပါဝင်သည့် အရပ်ဖက်အဖွဲ့အစည်းများနှင့် အစိုးရတာဝန်ရှိသူများအား မိတ်ဆက်ခြင်းကိုပြုလုပ်ခဲ့ပေးသည်။

ထို့အပြင် တက်ရောက်လာသည့် အရပ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ပြည်သူ့အခြေပြုတာဝန် ခံယူမှု စီမံကိန်းဆောင်ရွက်ရာတွင်ကြုံတွေ့ရသည့် အခက်အခဲအတားအဆီးများကို ဆွေးနွေးခဲ့ကြသည်။ ဇွဲကပင် ပုံရိပ်အဖွဲ့မှ ဦးမြင့်အောင်က လူထုအသံကြားနာပွဲတွင် ရပ်ရွာလူထု၏ အခက်အခဲကို တင်ပြနိုင်ခဲ့သည့် အတွက် အစိုးရ၏ဝန်ဆောင်မှုကို ရရှိခံစားခဲ့ရသည့်အကြောင်းကို ရှင်းလင်းတင်ပြခဲ့သည်။ " ကျွန်တော်တို့ ရွာတွေကိုဆင်းပြီးပြည်သူတွေရဲ့ အခက်အခဲကို လေ့လာစမ်းစစ်ခဲ့တယ်၊ ပြီးတော့ လဝကရယ်၊ စည်ပင်ရယ်၊ စီမံကိန်းဌာနရယ်က တာဝန်ရှိသူတွေကို ဖိတ်ကြားပြီး ကျေးရွာလူထုနဲ့ တွေ့ဆုံပေးခဲ့တယ်၊ လူထုအသံကြားနာပွဲ ကြောင့် အခက်အခဲရှိနေတဲ့ ရပ်ရွာလူထုရဲ့ အသံကို ဌာနဆိုင်ရာတွေကြားသိရသလို၊ ဌာနဆိုင်ရာတွေကလည်း ကျေးရွာလူထုကို သူတို့နဲ့ ဆက်သွယ်လို့ရအောင် လုပ်ပေးသွားတာတွေလည်းရှိတယ်" ဟု ဇွဲကပင်ပုံရိပ်က ရရှိခဲ့သည့် အောင်မြင်မှုကို ရှင်းလင်းပြောပြခဲ့သည်။

ထိုစီမံကိန်းတွင် ကရင်ပြည်နယ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်း ၆ ခု က မြို့နယ် ၃ ခုအတွက် ပူးပေါင်းဆောင်ရွက်လျှက်ရှိပြီး ယခုမွမ်းမံသင်တန်းတွင် ပြည်သူ့အခြေပြုဘတ်ဂျက်ရေးဆွဲပုံနည်းစနစ်နှင့်ပြည်သူ့အခြေပြုတာဝန်ခံယူမှုဆိုင်ရာနည်းလမ်းများ၊ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုစနစ် နှင့် စီမံအုပ်ချုပ်မှုစနစ်၊ဘတ်ဂျက်ရေးဆွဲရာတွင် ပြည်သူလူထု ပါဝင်ဆောင်ရွက်နိုင်သည့် နည်းစနစ်များကို တက်ရောက်လာသည့် အရပ်ဖက်အဖွဲ့အစည်းများထံ မျှဝေပေးခဲ့သည်။ အရပ်ဖက်အဖွဲ့အစည်းများကလည်း ၎င်းတို့၏ အတွေ့အကြုံများ အပေါ် အခြေခံပြီး ပြန်လည်ဆွေးနွေးခဲ့ကြသည်။

ပြည်သူ့အခြေပြု တာဝန်ခံယူမူဆိုင်ရာ စီမံကိန်းကို Oxfam ၊ Spectrum နှင့် Scholar Institute တို့က ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။

{gallery}Social Accountability{/gallery}

Powered by KnowledgeArc