Spectrum noline nosdkn largerS Csw3 

NEWS 175 S140808904 H

Spectrum

Sustainable Development Knowledge Network

"Resources - Rights - Justice"

ဒေသန္တရ အုပ်ချုပ်ရေးတွင် လူငယ်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် Login Asia ၏ အလုပ်ရုံဆွေးနွေးပွဲသို့ Spectrum ကိုယ်စားလှယ် တက်ရောက်ခဲ့

Spectrum အဖွဲ့၏ စီမံကိန်း အရာရှိ Mai Julia Dawt Len Iang က ဖိလစ်ပိုင်နိုင်ငံတွင် ၃ ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည့် ဒေသန္တရအုပ်ချုပ်ရေးတွင် လူငယ်များပိုမိုပါဝင်ခွင့်ရရှိစေရေးအတွက် Login Asia က ဦးဆောင်ပြုလုပ်ခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ခဲ့သည်။

ထိုအလုပ်ရုံဆွေးနွေးပွဲ တွင် အာရှ ၈ နိုင်ငံမှ လူငယ်ကိုယ်စားလှယ်များနှင့် လူငယ်မူဝါဒကို စီမံဆောင်ရွက်နေသည့် တာဝန်ရှိ သူအချို့လည်း တက်ရောက်ခဲ့သည်။

ထို အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်ပြီး တက်ရောက်ခဲ့သူ Mai Julia Dawt Len Iang က သူ၏အတွေ့အကြုံကို အခုလိုရှင်းပြသည်။ " အခြားနိုင်ငံတွေမှာက လူငယ်မူဝါဒတွေက ခိုင်ခိုင်မာမာရှိတယ်၊ လက်ရှိလည်း တွင်တွင်ကျယ်ကျယ်ကျင့်သုံးနေတယ်။ ကျွန်မတို့ဆီမှာက လူငယ်တွေအတွက် မူဝါဒတွေ ရှိတယ်ဆိုပေမဲ့ သုံးတာနည်းနေတယ်လို့ယူဆတယ်" ဟု သူမ၏ အမြင်ကိုပြောကြားခဲ့သည်။     

ထိုအလုပ်ရုံဆွေးနွေးပွဲ၏ ပထမနေ့တွင် တက်ရောက်လာသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များမှ ၄င်းတို့၏ အတွေ့အကြုံများကို မျှဝေပေးခဲ့ကြသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများသည် ၎င်းတို့၏ စီမံကိန်းဧရိယာများအတွင်း လူငယ်များပါဝင်မှု ပိုမိုများပြားလာစေရန် အဓိကထား လှုံ့ဆော်ဆောင်ရွက်နေကြသည်။ မွန်ဂိုလီးယား (Mongolia) တွင် လူငယ်များ အတွက် မူဝါဒထားရှိပြီး ဥပဒေရေးဆွဲရန်လည်း ကြိုးပမ်းနေသည်။ ထို့အပြင် လူငယ်ကောင်စီလည်း ဖွဲ့စည်းထားသည်။

တက်ရောက်လာသည့် နိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ မွန်ဂိုလီးယား၊ အိန္ဒိယ၊ ဘင်္ဂလားရှေဒ့်၊ ပါကစ္စတန်နှင့် နီပေါနိုင်ငံများတွင် ဒေသန္တရအစိုးရများနှင့် လူငယ်များအကြား ကောင်းမွန်ချောမွေ့ သည့် ဆက်ဆံရေးတည်ဆောက်ထားနိုင်ကြောင်းကိုလည်း Mai Julia Dawt Len Iang က ဝေမျှ သည်။

ဖိလစ်ပိုင်နိုင်ငံတွင်မူ ဒေသန္တရအစိုးရများသည် လူငယ်များကို နိုင်ငံရေးတွင် တက်တက်ကြွကြွပါဝင် နိုင်စေရန် အဓိက အားပေးကူညီသည်။ အသက် ၁၅ နှစ်မှစတင်ပြီး လူငယ်ကောင်စီ တွင် ရွေးချယ်ခံရန်ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။ ရွေးချယ်ခံရသည့် လူငယ်ကောင်စီဝင်များကို အစိုးရ က လေ့ကျင့်သင်ကြားမှုများကို ပြုလုပ်ပေးသည်။ အထူးသဖြင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့်ပတ်သက်ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး နိုင်ငံခြားပညာတော်သင်ဆုများလည်း ပေးလေ့ရှိသည်။ သို့သော် လူငယ်ကောင်စီဝင်များကို စီမံခန့်ခွဲမှုတွင် တာဝန်ပေးအပ်လေ့ရှိ သော်လည်း လစာခံစားခွင့်မပြုသဖြင့် အဂတိလိုက်စားမှုအနည်းငယ်ဖြစ်ပေါ်တတ်သည်ဟုလည်း  Mai Julia Dawt Len Iang က လေ့လာခဲ့သည်များကို ပြန်လည်ဝေမျှခဲ့သည်။

    သင်တန်းတက်ရောက်ခဲ့သူ Mai Julia Dawt Len Iang က သူ့အနေနှင့် မြန်မာနိုင်ငံ၏ လူငယ်ရေးရာမူဝါဒကို အများပါဝင်ရေးဆွဲသည့် မူဝါဒအဖြစ်ပြုပြင်ပြောင်းလဲစေလိုသည်ဟု ပြောကြားသည်။ သူမက " မြန်မာနိုင်ငံရဲ့ လူငယ်ရေးရာမူဝါဒကို လူငယ်တွေကိုယ်တိုင် ကျယ်ကျယ်ပြန့်ပြန့်ပါဝင်ရေးဆွဲစေလိုတယ် ၊ ဒါ့အပြင်ပိုပြီးတော့လည်း အသက်ဝင်စေချင်တယ်၊ လူငယ်ကောင်စီကနေဒီမိုကရက်တစ်အလေ့အကျင့် တွေပျိုးထောင်ပေးနိုင်သလို၊ ပျိုးထောင်ပေးဖို့လည်းလိုပါတယ် ဟု Mai Julia Dawt Len Iang က ပြောကြားခဲ့သည်။                

 

Powered by KnowledgeArc