Spectrum noline nosdkn largerS Csw3 

R 66 S45889663 H

 

Spectrum

Sustainable Development Knowledge Network

"Resources - Rights - Justice"

လူ့အခွင့်အရေး အခြေပြုချဉ်းကပ်လုပ်ဆောင်မှုများ

ကျွန်ုပ်တို့၏ Spectrumအဖွဲ့သည် လူ့အခွင့်အရေးကို အခြေခံထားသော ဖွံ့ဖြိုးရေးဆီသို့ ဦးတည်သည့် ချဉ်းကပ်မှု နည်းလမ်းများကို အပြည့်အဝထောက်ခံပါသည်။ အဘယ်ကြောင့်ဆိုသော် Spectrumသည် အစိုးရများ (တာဝန်ရှိသူများ) အနေနှင့် ပြည်သူလူထု (အခွင့်အရေး ခံစားခွင့်ရှိသူများ) ကို ပံ့ပိုး ကူညီပေး ရသည်မှာ ဥပဒေအရ၊ ကျင့်ဝတ်အရ လိုက်နာဆောင်ရွက်ရမည့်

တာဝန်ဝတ္တရားများဖြစ်ကြောင်း ကောင်းစွာ သိနားလည်ထားခြင်းကြောင့်ဖြစ်သည်။

ယင်းသည် လိုအပ်မှုကို အခြေခံသည့် ချဉ်းကပ်မှု ပုံစံနှင့် ကွာခြားသည်။ လိုအပ်မှုကို အခြေခံသည့် ချဉ်းကပ်မှု နည်းလမ်းတွင် လူသားတို့အနေနှင့် ၄င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် အကူအညီနှင့် ထိုက်တန်သူများဖြစ်ကြောင်း အသိအမှတ်ပြုသော်လည်း တာဝန်ဝတ္တရားများအနေဖြင့် သတ်မှတ်ထားခြင်း မရှိပေ။ လူ့အခွင့်အရေးကို အခြေခံသည့် ချဉ်းကပ်မှုပုံစံအတွက်မူ စံသတ်မှတ်ချက်များနှင့် အခြေခံသဘောတရားများသည် လွန်စွာ အရေးပါလှသည်။

  • လူ့အခွင့်အရေး စံနှုန်းများသည် ကျွန်ုပ်တို့လိုချင်သော ရလာဒ်တစ်ခု ထွက်လာစေရေးအတွက် အနိမ့်ဆုံး လက်ခံထားရမည့် အဆင့်တစ်ခုပင်ဖြစ်သည်။
  • လူ့အခွင့်အရေး အခြေခံသဘောတရားများသည်လည်း လက်ခံနိုင်လောက်သည့် မှတ်ကျောက်ပေတံတစ်ခုပင်ဖြစ်သည်။

လူ့အခွင့်အရေး စံနှုန်း နမူနာများမှာ ငတ်မွတ်မှုနှင့် အဟာရမပြည့်ဝမှုကို တိုက်ဖျက်ရေး၊ လူတိုင်းအတွက် အခမဲ့ မူလတန်းပညာရေးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ပန်းတိုင်များပင်ဖြစ်သည်။

လူ့အခွင့်အရေး အခြေခံသဘောတရား နမူနာများမှာ တန်းတူညီမျှရေးနှင့် ခွဲခြားဆက်ဆံမှု ကင်းဝေးရေး၊ ပါဝင်နိုင်ခွင့်ရှိရေးနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊တာဝန်ခံမှုရှိရေးနှင့် တရားဥပဒေစိုးမိုးရေး စသည်တို့ဖြစ်သည်။ လူ့အခွင့်အရေးဆီသို့ အစဉ်အလာအရ ချဉ်းကပ်မှု နည်းလမ်းများသည် အလျင်အမြန် ဖွံ့ဖြိုးလျက်ရှိပြီး ၄င်းတို့၏ လားရာလမ်းကြောင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

  • နိုင်ငံရေးနှင့် သက်ဆိုင်သော၊ အများပြည်သူနှင့် သက်ဆိုင်သော အခွင့်အရေးများကို အခြေပြု ပိုမို ကျယ်ပြန့်သော အခွင့်အရေးများ (စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု) ဆီသို့ ဖြန့်ကျက်ခြင်း
  • ပြစ်ဒဏ်အခြေပြု ချဉ်းကပ်မှု ပုံစံမှ အပြုသဘောဆောင်သော ဆွေးနွေးမှု၊အပြုသဘောဆောင်သော ပံ့ပိုးကူညီမှုအပါအဝင် ပြောင်းလဲမှု ဖြစ်စဉ်ကို အထောက်အပံ့ပေးနိုင်သည့် အားသစ်လောင်းပေးသော ချဉ်းကပ်မှု ပုံစံသို့ ပြောင်းလဲခြင်း
  • ဆင်းရဲမှု လျော့ပါးစေရေးကို ဖွံ့ဖြိုးရေး ပြနာတစ်ခုအဖြစ် မှတ်ယူခြင်းမှသည် ဆင်းရဲမှုတိုက်ဖျက်ရေးကို လူမှုတရားမျှတရေးနှင့် လူ့ဂုဏ်သိက္ခာတစ်ခုအဖြစ် မှတ်ယူရေး
  • အစိုးရ ဗဟိုပြု ချဉ်းကပ်မှု နည်းလမ်းမှသည် တစ်ဦးချင်းတစ်ယောက်ချင်း၊ ရပ်ရွာလူထုနှင့် ကော်ပိုရေးရှင်းများ၊ မီဒီယာများ အပါအဝင် လူအများ ပူးပေါင်းပါဝင်ရေး ချဉ်းကပ်မှုနည်းလမ်းသို့ ပြောင်းလဲခြင်း

  • နိုင်ငံတော်အဆင့် တာဝန်ခံမှုမှသည် အပြည်ပြည်ဆိုင်ရာအဆင့် တာဝန်ခံမှုဆီသို့

Powered by KnowledgeArc