Spectrum noline nosdkn largerS Csw3 

တာဝန်ယူမှုရှိသည့် စီးပွားရေး

တာဝန်ယူမှုရှိသော စီးပွားရေးကို အဓိပ္ပာယ်ဖွင့်ဆိုမှုအမျိုးမျိုး ပြည့်နှက်လျက်ရှိသော်လည်း တစ်ကမ္ဘာလုံးက ချီးကျူးဂုဏ်ပြုလောက်သည့် အမှန်တကယ် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းကိုမူ တွေ့နိုင်ရန် ခက်လှသည်။

 Spectrum၏ ရည်မှန်းချက်နှင့် တစ်ထပ်တည်းဖြစ်စေရန် ကျွန်ုပ်တို့ မျှော်တွေးကြည့်မိသည်မှာ တာဝန်ယူမှုရှိသော စီးပွားရေးကို လုပ်ဆောင်နိုင်ခြင်းက ငြိမ်းချမ်းရေး၊ ဂုဏ်သိက္ခာ၊တရားမျှတမှု၊ တန်းတူညီမျှမှု၊ ပြည့်စုံလုံလောက်မှု၊ အရည်အသွေးပြည့်ဝသော ဘဝနှင့်အတူ လူတို့ ကျင်လည်နေထိုင်ရာ လူ့အဖွဲ့အစည်းကို ရရှိနိုင်စေမည် ဖြစ်သည်။

တာဝန်ယူမှုရှိသော စီးပွားရေး ရုပ်ပုံလွှာ၏ အဓိကကျသော အပိုင်းမှာ ဘေးအန္တရာယ် ကင်းဝေးရေး၊လူဂုဏ်သိက္ခာ ရှိစေရေး၊လူ့အခွင့်အရေး လေးစားလိုက်နာရေး၊ အားလုံးပါဝင်သော စီးပွားရေးနှင့် သားစဉ်မြေးဆက်ရှုထောင့်မှတစ်ဆင့် တာဝန်ယူမှုရှိသော အရင်းအမြစ် သုံးစွဲမှု စသည့် သဘောတရားများဖြစ်ကြသည်။

အချို့သော စီးပွားရေးကဏ္ဍများသည် ပိုမိုမြင့်မားသော အကျိုးအမြတ်ကို ရရန်မျှော်လင့်ချက်ဖြင့် ပိုမိုစွန့်စားရသော အနေအထားရှိသည်။ စွန့်စားရမှုများသော လုပ်ငန်းများ၏ သက်ရောက်ချက်များသည် ပိုမိုကျယ်ပြန့်သော လူထုကို ထိစပ်လျက်ရှိပြီး တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းကသာလျှင် ထိုဘေးဥပါဒ်များမဖြစ်အောင် ကာကွယ်ခြင်း၊ ဘေးအန္တရာယ် လျော့ပါးသက်သာအောင် စီမံပေးခြင်းစသည်တို့ကို အာရုံစိုက် လုပ်ဆောင်ပေးမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိအနေအထား တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း အလေ့အကျင့်များနှင့် ပတ်သက် နောက်ထပ်ဖွင့်ဆိုချက်အနက်များ ပေါ်ထွက်လာအောင် ပံ့ပိုးနိုင်သည်အထိ တိုးတက်မှုများစွာ ရှိလာသည်။ နမူနာတစ်ချို့ကို အောက်တွင် လေ့လာနိုင်ပါသည်။

CSR အာရှ အဖွဲ့အစည်း၏ “ မြန်မာနိုင်ငံအတွင်း အားလုံးပါဝင်ပြီးတာဝန်ယူမှုရှိသော စီးပွားရေး”

Shiftအဖွဲ့၏ “အဓိပ္ပာယ်ပြည့်ဝသော ပါဝင်ပတ်သက်သူများ၏ တိုင်ပင်ဆွေးနွေးပွဲ”

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရရှိရေး အထောက်အကူပြု ဌာန (MCRB)၏ “ကဏ္ဍအလိုက် သက်ရောက်မှု ဆန်းစစ်ချက်”

Spectrum အဖွဲ့၏ “အပြုသဘောဆောင်သော ဖွံ့ဖြိုးရေးအတွက် ပူးပေါင်း အကြံပြုချက် ခုနှစ်ချက်”

 

မည်သို့သော အပြုမူမျိုးက တာဝန်ခံယူမှုရှိသော စီးပွားရေးကို ဖြစ်စေသနည်း။

ဥပဒေကို လိုက်နာခြင်း၊လူ့အခွင့်အရေးကို လေးစားခြင်း၊ အဂတိလိုက်စားမှုကို ရှောင်ကြဉ်ရန် ကတိကဝတ်ထားခြင်းနှင့် လက်ဖက်ရည်ဖိုး(သို့) လာဘ်ငွေမပေးခြင်း၊အခွန်ဆောင်ခြင်း၊ မိမိတို့၏ အလုပ်သမားများအပေါ် အလေးထားခြင်း၊ သဘာဝပတ်ဝန်းကျင်အပေါ် အလေးထားခြင်း၊ အခြားစီးပွားရေး လုပ်ငန်းများအပေါ် တာဝန်ယူမှုရှိရှိ ဆက်ဆံခြင်း၊ ပွင့်လင်းမြင်သာမှု ရှိခြင်းနှင့် ပါဝင်ပတ်သတ်သူများနှင့် တုန့်ပြန်စေ့စပ်ဆွေးနွေးခြင်းတို့ပင် ဖြစ်သည်။

 

Powered by KnowledgeArc