Spectrum noline nosdkn largerS Csw3 

အမျိုးသမီး/အမျိုးသားရေးရာနှင့် အထူးစီးပွားရေးဇုန်များ (SEZs)

 

 

၂၀၁၂ ခုနှစ်တွင် Spectrum က "အထူးစီးပွားရေးဇုန်နှင့် ကျားမလိင်ခွဲခြားမှု အပေါ်အကျိုး သက်ရောက်မှုများ" ဟူသော ခေါင်းစဉ်ဖြင့် နှီးနှောဖလှယ်ပွဲများကို ပြုလုပ်ကျင်းပခဲ့သည်။

ထိုနှီးနှောဖလှယ်ပွဲလေးများက အောက်ပါခြုံငုံသုံးသပ်ချက်များကို အထောက်အပံ့ပေးရန်ရည်ရွယ်ခဲ့ ခြင်းဖြစ်သည်။

ယေဘုယျ ကိစ္စရပ်များကို လေးစားလိုက်နာမှုရှိစေရန် အပြည်ပြည်ဆိုင်ရာ အထူးစီးပွားရေးဇုန်များမှ လေ့လာရန်

ကျားမတန်းတူညီမျှရေးဆိုင်ရာ ကိစ္စရပ်များကို လေးစားလိုက်နာမှု ရရှိစေရေးအတွက် အပြည်ပြည်ဆိုင်ရာ အထူးစီးပွားရေးဇုန်များမှ လေ့လာရန်

မြန်မာနိုင်ငံအတွင်း အထူးစီးပွားရေးဇုန်ဖြစ်မြောက်အောင်မြင်စေရန်အတွက် အခြားဆက်စပ်မှုရှိသည့် လေ့လာသင်ယူစရာများကို ပေါင်းစပ်လုပ်ဆောင်ရန်

အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်မှု သာတူညီမျှ ရရှိစေရန် သုတေသနနှင့် မဟာဗျူဟာဖွံ့ဖြိုးတိုးတက်ရေး အတွက်အနာဂတ်ရည်မှန်းချက်ထားရန်

အထက်ပါရည်ရွယ်ချက်များသည် အထူးစီးပွားရေးဇုန်အတွက် တိကျသည့် အချက်များအဖြစ် အာရုံစိုက်ရေးဆွဲထားခြင်းဖြစ်သည်။ အထူးစီးပွားရေးဇုန်များတွင် ကုန်ထုတ်လုပ်နေသည့် အမျိုးသမီးများ၏ အခြေအနေမှာ မျှတမှုမရှိသည့် ၀င်ငွေပေါ်တွင် မှီခိုနေရသဖြင့် ပြည့်စုံလုံလောက်သည့် ၀င်ငွေမရရှိပေ။ ထို့အတူ ဖွံ့ဖြိုးဆဲ တိုင်းပြည်များတွင် အမျိုးသမီးများနှင့်မသင့်လျော်သည့် အလုပ်များတွင် ခေါင်းပုံဖြတ် အမြတ်ထုတ်ခံ နေရသည့် အခြေအနေဖြစ်သည်။

မေးခွန်းများကို ဆွေးနွေးခြင်းနှင့် ရှင်းလင်းဖြေကြားခြင်း

ကျွန်ပ်တို့ ဘာတွေသိသလဲ၊ ဘာတွေမသိဘူးလဲ၊ ကျွန်ပ်တို့၏ ဗဟုသုတက ဘယ်လောက်ကွာဟနေလဲ

သုတေသနပြုချက်အပြင် အခြားဘာတွေကို သိထားလဲ၊ ဘာတွေကို သိဖို့လိုအပ်လဲ

ဦးစားပေးအဆင့် စိုးရိမ်ပူပန်မှုတွေက ဘာဖြစ်မလဲ

ဖြစ်နိုင်သမျှတုန့်ပြန်မှုတွေကို ကြိုတင်ဖော်ထုတ်ရပါမည်။

အမျိုးသမီးများကို ကာကွယ်ရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရေးကို မြှင့်တင်ရန် မည်သည့် မူဝါဒကို တာဝန်ခံရန် လိုအပ်သလဲ

အသေးစိတ်လေ့လာချက်များနှင့် အနာဂတ် အတွက် အခြေခံစည်းမျဉ်းလမ်းညွန်ချက်များကို ကောက်နှုတ်ဖော်ပြထားသည်။ ထိုနှီးနှောဖလှယ်ပွဲများ၏ အကျဉ်းချုပ်အချက်များကို စိတ်ဝင်စားပါက Spectrum မှာ တောင်းခံနိုင်သည်။

Powered by KnowledgeArc