Spectrum noline nosdkn largerS Csw3 

စွမ်းအင်

နေ့စဉ် အသက်ရှင်ရပ်တည်နိုင်ရန် ချက်ပြုတ်ရန်၊ အလင်းရောင်ရရှိရန်၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေး နှင့် ပညာရေးကဏ္ဍအတွက် စွမ်းအင်သည် အခြေခံကျသည့် လိုအပ်ချက် ဖြစ်သည်။ ထိုအချက်သည် အခြေခံဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များအတွက် ထည့်သွင်းစဉ်းစားရန်ဖြစ်သည်။

စီးပွားရေးလုပ်ငန်းများ ဆက်လက်ရှင်သန်နိုင်ရေး ထောက်ပံ့ပေးရန် စွမ်းအင်သည် အဓိကအားဖြင့် အထူးလိုအပ်သကဲ့သို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက်လည်း စွမ်းအင်ကို လိုအပ်ချက်အဖြစ် ထောက်ပံ့ ပေးရန်လိုအပ်သည်။

စွမ်းအင်- ကောင်းစွာဖြန့်ဖြူးနိုင်သော စွမ်းအင်- အားလုံးပါဝင်နိုင်သည့် ကျယ်ပြန့်သော သတင်းအချက် အလက်များ ရယူသုံးစွဲနိုင်ရန်လိုအပ်သည်။ တာဝန်ခံယူမှု၊ ပွင့်လင်းမြင်သာမှု၊ အရင်းအမြစ်၊ အခွင့်အလမ်းများနှင့် တာဝန်ယူမှုရှိသည့် ရင်းနှီးမြှပ်နှံမှု တွင် သတင်းအချက်အလက် မရရှိပါက လုံလောက်သည့် အားလုံးပါဝင်နိုင်မှု သို့မဟုတ် ကျယ်ပြန့်မှုတို့ မရှိနိုင်ပေ။

အဓိကကျသော စွမ်းအင်အရင်းအမြစ်အဖြစ် ရေနံနှင့် သဘာဝဓါတ်ငွေ့ကိုသာအများအားဖြင့် တွေးထင်ကြသော်လည်း တကယ်စင်စစ်တွင်မူ မြန်မာနိုင်ငံ၏ အကြီးမားဆုံး စွမ်းအင်အသုံးပြုမှုမှာ ယခုအချိန်အထိ ထင်းကိုလောင်စာအဖြစ်အသုံးပြုနေဆဲဖြစ်သည်။ ထိုအချက်ကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ပါက တည်ငြိမ်သော၊ ပြန်ပြည့်မြဲဖြစ်သော အရင်းအမြစ်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကျေးလက်ဒေသများတွင် အလင်းရောင်ရရှိစေရန်နှင့် သတင်းအချက်အလက်များ ရရှိစေရန်အတွက် တိုင်းပြည်အတွင်း လျှပ်စစ်မီး ပမာဏအနည်းငယ်လိုအပ်သည်။

လွန်ခဲ့သည့် အချိန်အတွင်း ပမာဏကြီးမားသည့်စွမ်းအင်စီမံကိန်းကြီးများကြောင့် မြန်မာနိုင်ငံတွင် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ မြေယာသိမ်းဆည်းခံရခြင်း၊ မဖြစ်စလောက် လျော်ကြေးငွေသာရရှိခြင်းစသည့် သက်ရောက်မှုများကြောင့် စီမံကိန်းများရှေ့မတိုးနိုင်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ထိုစီမံကိန်းကြီးများသည် ဒေသခံများအတွက် တွေံမြင်နိုင်သည့် အကျိုးအမြတ်မရရှိခြင်းနှင့် စီမံကိန်းဧရိယာအတွင်းစစ်တပ်အင်အားကို ပိုမိုကြီးထွားလာခြင်းစသည့် အနှတ်လက္ခဏာဆောင်သော အကျိုးသက်ရောက်မှုများနှင့်အတူ တိုင်းရင်းသားအုပ်စုများကြားပြဿနာများဖြစ်ပေါ်လာခဲ့သည်။ ထိုပြဿနာများကို အားလုံးပါဝင်ခွင့်ရရန် အာရုံစိုက်ချည်းကပ်ခြင်းဖြင့် ရှောင်ရှားနိုင်သည်။

အားလုံးပါဝင်နိုင်ရန် ချည်းကပ်ခြင်းနှင့် နည်းပညာ၏ သက်ရောက်မှုများကို ခြားနားသည့် စဉ်းစားပုံများနှင့် ကဏ္ဍအလိုက်ခွဲခြားစဉ်းစားရန် လိုအပ်သည်။ မြန်မာနိုင်ငံအတွက် ကြီးမားသည့် အလားအလာအဖြစ် ပြန်ပြည့်မြဲစွမ်းအင်သည် အခွင့်အလမ်းဖြစ်လာသည်။ စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန် လူ့အသိုင်းအ၀န်းအတွင်း ဆွေးနွေးတိုင်ပင်ညှိနှိုင်းခြင်း၊ တိကျခိုင်မာသည့် စွမ်းအင်မူဝါဒများ၊ စည်းမျဉ်းမူဘောင်များ၊ စနစ်ကျသည့် ဆွဲဆောင်စည်းရုံးနိုင်မှုများက ကြီးမားသည့် အပြောင်းအလဲရရှိစေရန် လိုအပ်သည်။

၂၀၁၅ခုနှစ် ဖေဖော်ဝါရီလက မျှတပြီးစူးရှထက်မြက်သည့် အမြင်များနှင့်ငြင်းခုန်မှုများ ပေါ်ပေါက်လာ စေရန်ရည်ရွယ်ပြီး Spectrum က “မြန်မာ့စွမ်းအင်အနာဂတ် ပြည်သှူဗဟိုပြု စွမ်းအင်မူဝါဒဆီသို့”ညီလာခံကို ကျင်းပခဲ့သည်။ ထို အခန်းအနားတွင် စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်သူများ၏ ဟောပြောချက်များနှင့် ရှင်းလင်းချက်များကို ပြသခြင်း၊ ဓါတ်ပုံများနှင့် စွမ်းအင်နှင့်ပတ်သက်သည့် အချက်အလက်များကို ရယူနိုင်ခဲ့ခြင်း၊ မြန်မာ့စွမ်းအင်ဆိုင်ရာ စိန်ခေဓချက်များနှင့် ပတ်သက်သည့် စာတမ်းများ၊ အက်ဆေးများကို လည်း ရနိုင်သည်။ ထို စိန်ခေါ်ချက်မှာ အားလုံးပါဝင်နိုင်ရန် ပုံမှန်လည်ပတ်နေသည့် စီးပွားရေးများ အလုပ်မလုပ်နိုင်တော့ပဲ စန်းသစ်တီထွင်မှုများပါဝင်သည့် အခွင့်အလမ်းများကို ရရှိနိုင်သည်။ မြန်မာ့စွမ်းအင်၏ အနာဂတ်အတွက် စဉ်းစားရာတွင် မူဝါဒ တိုးတက်လာစေရေးအတွက် ဦးစားပေးရန်၊ လက်တွေ့ကျမှုနှင့် ဆင်ခြင် စဉ်းစားမှုများကို လုပ်ငန်းစဉ်များအဖြစ်မီးမောင်းထိုးပြနိုင်ခဲ့သည်။

Powered by KnowledgeArc