Spectrum noline nosdkn largerS Csw3 

မြန်မာနိုင်ငံ၏ လက်ရှိအနေအထား

၂၀၁၁ ခုနှစ် ဒီဇင်ဘာပထမအပတ်အတွင်း မြန်မာနိုင်ငံသည် UNREDD အစီအစဉ်ကို ပူးပေါင်းပါဝင်သည်။ ကုလသမဂ္ဂ၏ REDD+ အစီအစဉ်ပံ့ပိုးမှုအောက်တွင် REDD+ စီမံကိန်းအတွက် မိတ်ဖက်နိုင်ငံတစ်နိုင်ငံအဖြစ် ကြိုတင်ပြင်ဆင်နိုင်ရန် မြန်မာနိုင်ငံကို လက်ခံပေးခဲ့ခြင်းလည်းဖြစ်သည်။

မြန်မာနိုင်ငံအပါအ၀င် အချို့နိုင်ငံများတွင် REDD စီမံကိန်းကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက် ရန်အတွက် ဝေဖန်မှုများနှင့် အတားအဆီးများကိုလည်း ရင်ဆိုင်နေရသည်။ ဒီမိုကရေစီစနစ်သို့ စတင်ပြောင်းလဲ အစပြုသည့် မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုဖြစ်စဉ်များကြောင့် စိုးရိမ်ပူပန်မှုများလည်း ရှိနေသည်။REDD+ စီမံကိန်းသည် တိုင်းပြည်အတွက် ကာဗွန်မှာ တိုက်ရိုက်ရရှိမည့် ၀င်ငွေဖြစ်ပြီး ထိုငွေရရှိရန်အတွက် တိကျသည့် လမ်းညွှန်ချက်များကို ကောင်းမွန်စွာကြိုတင်ပြင်ဆင်ထားပါက တိုင်းပြည်အတွက်စနစ်တကျနှင့် အကျိုးဖြစ် ထွန်းမည်ဖြစ်သည်။ အထူးသဖြင့် ဒေသခံတိုင်းရင်းသားများ သို့မဟုတ် ဌာနေတိုင်းရင်းသားများ၏ အသက်မွေး ၀မ်းကြောင်းမှုသည် သစ်တောနှင့်ဆက်စပ်နေသည့်အတွက် REDD စီမံကိန်းများရေးဆွဲရာတွင် မအောင်မြင်မှု များမကြုံတွေ့စေရန်အတွက် မလိုလားအပ်သည့် အတားအဆီးများကို ရှောင်ရှားနိုင်ရန် ထည့်သွင်းစဉ်းစား သင့်သည်။

REDD+ စာတမ်းကိုပြင်ဆင်ရန်အတွက် လက်ရှိနှင့်ကနဦးအခြေအနေများကို အာရုံစိုက်ခြင်း၊ ပုံမှန်လှုပ်ရှားမှုများ ကိုဆွေးနွေးတင်ပြခြင်း၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့အစည်းများ စသည့် ဘက် ၂ ဘက်စလုံးမှ စုဆောင်းရရှိသည့် အချက်အလက်များအပေါ် အခြေခံပြီး အဘက်ဘက်မှပြည့်စုံစေရန် စာတမ်းတွင်ဖော်ပြမည်။

Powered by KnowledgeArc