Spectrum noline nosdkn largerS Csw3 

R 87 S107685452 H

 

Spectrum

Sustainable Development Knowledge Network

"Resources - Rights - Justice"

သတ္တုတူးဖော်ရေးကဏ္ဍ

မြန်မာနိုင်ငံသည် အလွန်အဖိုးထိုက်တန်သည့် သဘာဝသယံဇာတဖြစ်သော တွင်းထွက်ပစ္စည်းများ ပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အဖိုးတန်ကျောက်မြတ်များဖြစ်သည့် ပတ္တမြား၊ နီလာနှင့် ကျောက်စိမ်းကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ထုတ်လုပ်သည်။ ကမ္ဘာပေါ်ရှိ ပတ္တမြား ထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံမှ ထွက်ရှိသည်ဟု ခန့်မှန်းထားသည်။

တစ်နှစ်လျှင် ထုတ်လုပ်မှုလေလံပွဲကို ၂ ကြိမ် သို့မဟုတ် ၃ ကြိမ် ပြုလုပ်လေ့ရှိပြီး ထိုလေလံပွဲများက  ထောင်နှင့်ချီသည့် နိုင်ငံတကာ ကျောက်မြတ်ရောင်းဝယ်သူများကို စွဲဆောင်နိုင်သလို ဒေါ်လာ ဘီလျှံနှင့်ချီပြီး အသားတင်ရောင်းရသည်။ သို့သော်လည်း နိုင်ငံတော်၏ ရည်မှန်းချက်မှာ ရွှေအပါအဝင် ကျောက်စိမ်းနှင့်ကျောက်မြတ်ထုတ်လုပ်မှု ရောင်းချမှုများကို ကြီးမားသည့် တရားမဝင် ဈေးကွက်တည်ရှိမှုအား စီမံခန့်ခွဲရန်ဖြစ်သည်။

  • အဓိကထုတ်ကုန်များ-- သဘာဝဓါတ်ငွေ့၊ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ ပြောင်ခေါင်းစိမ်း၊ အညံပန်း၊ ကြေးနီ၊ ရွှေ၊ နီကယ်
  • သာမညထုတ်ကုန်များ-- သံ နှင့် သံမဏိ၊ ခဲကဲ့သို့သော မာကျောသည့် မလိဒီနမ်သတ္တု၊ ခနောက်စိမ်း၊ ပလက်တီနမ်၊ ခဲ၊ သံဖြူ၊ ထုံးကျောက်၊ ဂျစ်ပဆမ်၊ ကျောက်၊ ကျောက်မီးသွေး၊ ဥဿဖယားကျောက်ရိုင်း၊ ဆာယာနိုက် သတ္တု၊ အမျိုးမျိုးသော ရှားပါးဒြင်စင်များနှင့် ရှားပါးသည့် သတ္တု ၅ မျိုး ။ ဥရောပသမဂ္ဂ၏ လေ့လာချက်

 ရင်းနှီးမြှပ်နှံမှု မူဘောင်အဖြစ် သတ္တုသိုက်တည်ရှိမှုအနေအထား၊ ဓါတ်သတ္တုထွက်ရှိမှု အလားအလာ မြင့်မားမှုအပြင် နိုင်ငံရေးနှင့်သက်ဆိုင်သော၊ အဖွဲ့အစည်းနှင့်ဆိုင်သော စည်းမျဉ်းစည်းကမ်းများ ကိုလေ့လာအကဲဖြတ်ပြီး စစ်အစိုးရအားဒဏ်ခတ်ပိတ်ဆို့မှု၊ ခေတ်ရေစီးကြောင်းကုမ္ပဏီများ နှင့် ဓါတ်သတ္တုလုပ်ငန်းတွင် ရင်းနှီးမြှပ်နှံမှုတို့ကို အထူးအလေးထား လေ့လာစောင့်ကြည့်မှုတို့ကို ဆောင်ရွက်ခဲ့သည်။

သတ္တုတူးဖော်သည့် လုပ်ငန်းနယ်ပယ်၏ အစိတ်အပိုင်းများမှာ ရောထွေးလျက်ရှိသည်။ ရွှေ၊ ကျောက်စိမ်း၊ ပတ္တမြားတို့မှ ရရှိနိုင်သည့် စည်းစိမ်ချမ်းသာများမှုများသည်  အဓိက အိမ်မက်ဖြစ်နေသော်လည်း အခြားသော ဥပဒေရေးရာ ကိစ္စရပ်များ၊ လူမှုရေးလိုင်စင်နှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာကိစ္စရပ်များ စသည့်သတ္တုတွင်း နှင့်သက်ဆိုင်သည့်  ကိစ္စရပ်များကို မဖြေရှင်းနိုင်မခြင်း သတ္တုများကို တုးဖော်ခြင်း မလုပ်သင့်ဟု ယူဆသူများလည်း ရှိနေသေးသည်။ ဤနည်းလမ်းမှာ သယံဇာတထုတ်ယူခြင်း အတွက် ပိုမိုသင့်လျော်သည့်ပတ်ဝန်းကျင်ကို ဖန်တီးသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။ ကျောက်မြတ်ရတနာလုပ်ငန်းမှလွဲလျှင် သယံဇာတတွင်းထွက် ထုတ်လုပ်မှုသည် အလွန်နည်းသည်။

စီးပွားရေးအလားအလာနှင့်အတူ သတ္တုသိုက်ရှာဖွေမှုက ပိုမိုမြင့်မားလာပြီး  အလားအလာရှိသည့် စူးစမ်းရှာဖွေမှုအကြံပြုချက်ကို အကဲဖြတ်နေချိန်ဖြစ်သည်။ ဘူမိမြေပုံ၏ အတိုင်းအတာမှာ ၁၉၉၇ ခုနှစ်က ၅၇ ရာခိုင်နှုန်းရှိရာမှ ၂၀၁၂တွင် ၇၀ ရာခိုင်နှုန်းရှိကြောင်းအစီရင်ခံခဲ့သည်။

လွန်ခဲ့သည့် ၂၀၁၄ ခုနှစ်ကတည်းကစတင်ပြီး သတ္တုတွင်းဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်ကို ကြိုတင် ပြင်ဆင်ခဲ့သည်။

Powered by KnowledgeArc