Spectrum noline nosdkn largerS Csw3 

NR 94 S171434732 H

Spectrum

Sustainable Development Knowledge Network

"Resources - Rights - Justice"

မြေယာ

မြေယာနှင့် သယံဇာတအသုံးချစနစ်များသည် မြေယာနှင့် သဘာဝသယံဇာတအရင်းအမြစ်များကို လူထုမှ မည်သို့ပိုင်ဆိုင်၍ မည်သို့စီမံခန့်ခွဲသင့်ကြောင်း ပြဋ္ဌာန်း၍ ဥပဒေစည်းကြပ်သည်။

မြေယာစနစ်များသည် ထွန်ယက်စိုက်ပျိုးမှု၊ သတ္တုတူးဖော်မှု၊ သစ်တောလုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် တိရိစ္ဆာန်မွေးမြူရေးကဲ့သို့သော အသက်မွေးဝမ်းကျောင်း အမျိုးမျိုးအတွက် အလွန်အ ရေးပါလျက်ရှိသည်။
ထို့ပြင် ရေဝေရေလဲဒေသ စီမံခန့်ခွဲမှု၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းစောင့်ရှောက်မှုနှင့် နိုင်ငံတကာဖြတ်သန်းသွားလာရေး စင်္ကြန် များအပြင် သစ်တောလုပ်ငန်းကဲ့သို့သော ရေရှည်တည်တံ့ခိုင်မြဲသည့် သယံဇာတအသုံးပြုမှုတို့အတွက်လည်း အလွန်အရေးပါ လျက်ရှိသည်။ မြေယာအသုံးပြုမှု အစီအမံသည် မတူညီသည့် မြေယာအသုံးပြုမှု လိုအပ်ချက်များနှင့် စံနှုန်းသတ်မှတ်မှုတို့ကို ဟန်ချက်ညီအောင် ထိန်းညှိပေးသည်။
မြေယာအသုံးချစနစ်များသည် မြေယာဆိုင်ရာ အခွင့်အရေးများကို အာမခံချက်ပေးပြီး ယင်းအခွင့်အရေးများကို အသိအမှတ် ပြုမှုကို ခိုင်မာသေချာစေသည့်အပြင် တရားဥပဒေဘောင်အတွင်းမှ အကာအကွယ်ပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။ အများ အားဖြင့် အမျိုးသားဥပဒေအတွင်း ထည့်သွင်းပြဋ္ဌာန်းထားလေ့ရှိသည်။ သို့ရာတွင် အချို့သောကိစ္စရပ်များ၌ ထုံးတမ်းဥပဒေ သည် အခွင့်အရေးများ၊ စည်းမျဉ်းဥပဒေသများနှင့် အသုံးပြုမှုဆိုင်ရာ တာဝန်ဝတ္တရားများကို ပြဋ္ဌာန်းပေးသည့် မူဘောင်ဖြစ်နေ လေ့ရှိသည်။ မြေယာအငြင်းပွားမှုအတွင်း အဆိုပါအခွင့်အရေးများကို စိန်ခေါ်လာပါက သို့မဟုတ် ချိုးဖောက်လာပါက တရားမျှ တရေးစနစ်မှ အခွင့်အရေးများကို ကာကွယ်ပေး၍ နစ်နာကြေးနှင့် ပြန်လည်ကုစားခွင့်များကို ဥပဒေအရခံစားစေရမည်။
ဲတစ်နိုင်တစ်ပိုင် လယ်သမားများဖြစ်စေ၊ စီးပွားဖြစ်စိုက်ပျိုးရေးလုပ်ငန်းများဖြစ်စေ၊ အခြားပုံစံဖြင့် ရင်းနှီးမြှုပ်နှံသည်ဖြစ်စေ မြေ ယာအသုံးချပိုင်ခွင့်သည် ယင်းပတ်သက်ပါဝင်သူအားလုံးအတွက် အရေးပါလျက်ရှိသည်။ မြေယာကို တရားဥပဒေဘောင်အ တွင်းမှ ၀ယ်ယူ၍ မြေယာမွမ်းမံပြင်ဆင်ရန် ရင်းနှီးမြှုပ်နှံမှုမပြုမီ အာမခံလိုအပ်သည့် ရင်နှီးမြှုပ်နှံသူများအပါအ၀င် မြေယာအသုံး ချပိုင်ခွင့်ဆိုင်ရာ အာမခံချက်သည် လူတိုင်းအတွက် အရေးကြီးသည်။ စိတ်သဘောထားညီညွတ်မှုရှိစေရန်အတွက် မြေယာအ သုံးပြုမှုနှင့် ပတ်သက်သည့် ရပ်ရွာလူထု၏ သဘောတူခွင့်ပြုချက်သည် အလွန်အရေးပါသည့် အခြေခံသဘောတရားတစ်ခုဖြစ် ပြီး ဖြစ်ရပ်အများစု၌ ကောင်းစွာကြိုတင်အသိပေးထားသော ရပ်ရွာလူထု၏ လွတ်လပ်သည့် သဘောတူခွင့်ပြုချက်(FPIC) အား ဖြင့် ထိန်းကွပ်သည်။ မြေယာအသုံးချပိုင်ခွင့်ကို ရပ်ရွာလူထု၏ သဘောတူညီချက်ဖြင့် တာဝန်ယူမှုရှိရှိ အုပ်ချုပ်စီမံခြင်းသည် တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုကို တိုက်တွန်းအားပေးရာရောက်သည်။
မြေယာအသုံးချစနစ်များ ရှင်းလင်းမှုမရှိသည့်အပြင် တရားဥပဒေစိုးမိုးရေးသည်လည်း အာမခံချက်မရှိသည့် အခြေအနေမျိုး၌ အရေးပါသည့် မြေယာပြုပြင်ပြောင်းလဲရေးကို အရေးတကြီးဆောင်ရွက်ရန် လိုအပ်သည်။ ကန့်သတ်နယ်မြေများ သို့မဟုတ် အ ခြားအသုံးပြုမှုပုံစံများအတွက် နယ်မြေဧရိယာ တစ်ဖန်ပြန်လည်သတ်မှတ်ရန် လိုအပ်သည့် အခြေအနေမျိုး၌ ပြေလည်ခဲ့ခြင်း မရှိသည့် အတိတ်မှ မြေယာအရေးကိစ္စများကို ကိုယ်တွယ်ဖြေရှင်းခြင်း၊ ထည့်သွင်းစဉ်းစားခဲ့ခြင်းမရှိသည့် ကုန်းမြင့်ဒေသနှင့် ရှည်ကြာသည့် အလှည့်ကျစိုက်ပျိုးရေး၊ သဲကွဲမှုမရှိသည့် အမျိုးအစားခွဲခြားမှု စနစ်များနှင့် "မြေယာလုယူမှု" ပြဿနာရပ်များ သည် ဂရုတစိုက်ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည့် အရေးကိစ္စများဖြစ်သည်။

Powered by KnowledgeArc