Spectrum noline nosdkn largerS Csw3 

ရေအားလျှပ်စစ်ကဏ္ဍ

ရေအားလျှပ်စစ်စွမ်းအင်သည် ပြန်ပြည့်မြဲစွမ်းအင်ရင်းမြစ်တစ်ခုအဖြစ် အလွန်အလားအလာကောင်းသည့် ကဏ္ဍတစ်ရပ်ဖြစ် သည်။

သို့ဖြစ်၍ မြစ်လက်တက်များ၌ တစ်ပိုင်တစ်ပိုင်၊ အငယ်စားနှင့် အသေးစားရေအားလျှပ်စစ်စွမ်းအင်(၁၀ MW အောက် လျော့)များ တည်ဆောက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုနိုင်ကြောင်း Spectrum အ နေဖြင့် ရှုမြင် သုံးသပ်သည်။
ဤလုပ်ငန်းနှင့် ပတ်သက်၍ ထည့်သွင်းစဉ်းစားသင့်သည့် ရှုထောင့်အမျိုးမျိုးကို မတူညီသည့် လေ့လာဆန်းစစ်ချက်များနှင့် လမ်းညွှန်ချက် အများအပြား၌ ဖော်ပြထားသည်။ ယင်းတို့၌
• ကမ္ဘာ့ ရေကာတာဆိုင်ရာ ကော်မရှင် အစီရင်ခံစာ (WCD)
• WCD အစီရင်ခံစာအပေါ် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များရန်ပုံငွေ (WWF) ၏ အကြုံပြုထောက်ခံချက်များ
• နိုင်ငံတကာ ရေအားလျှပ်စစ်အစည်းအရုံး၏ ရေရှည်တည်တံ့ခိုင်မြဲမှု လေ့လာဆန်းစစ်ရေး လုပ်ထုံးလုပ်နည်းလမ်းညွှန်များ
• အကြီးစားရေကာတာများနှင့် ပတ်သက်သည့် Oxford လေ့လာဆန်းစစ်ချက်
ဤလမ်းညွှန်ချက်များရှိသော်ငြားလည်း မြန်မာနိုင်ငံ၏ အတိတ်မှ ရေအားလျှပ်စစ်စွမ်းအင် စီမံကိန်းများ၌ ပွင့်လင်းမြင်သာမှု မရှိ ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စရပ်များ၊ ထိခိုက်နစ်နာသူများအတွက် မျှတမှုမရှိသည့် လျော်ကြေးများ၊ ဒေသခံများအ တွက် မြင်သာသည့် အကျိုးကျေးဇူးများမရှိခြင်းနှင့် စီမံကိန်းနယ်မြေများအတွင်း စစ်တပ်တိုးချဲု့မှုမြင့်တက်လာခြင်းတို့ကြောင့် ဆန့်ကျင်တားဆီးခံခဲ့ကြရသည်။ တိုင်းရင်းသားမျိုးနွယ်စုများက ဆိုးကျိုးသက်ရောက်မှုများကို အများဆုံးခံစားကြရသည်။ ရေ အားလျှပ်စစ်စွမ်းအင်အတွက် လက်တွေ့ အကောင်အထည်ဖော်လျက်ရှိသည့် စီမံကိန်းများအားဖြင့် တကယ့်ဖွံ့ဖြိုးတိုးတက်ရေး ကို ရရှိခြင်းရှိမရှိ လေ့လာဆန်းစစ်ကြပါသလား။
ဤကဏ္ဍနှင့် ပတ်သက်သည့် Spectrum ၏ အကြံပြုထောက်ခံချက်များ၌ အောက်ပါကဏ္ဍများအတွက် အထောက်အပံ့များ ဖော်ထုတ်ပေးရန် ပါရှိသည်။
• တစ်နိုင်တစ်ပိုင်နှင့် အသေးစားရေအားလျှပ်စစ်စွမ်းအင် စီမံကိန်းများ (ဥပမာ - အသေးဆုံးမှသည် ၁၀ မီဂါဝပ်အထိ)၊ အ သေးစားရေအားလျှပ်စစ်စွမ်းအင်ကဏ္ဍကို အကောင်အထည်ဖော်ရန်နှင့် ထိန်းသိမ်းရန်အတွက် လိုအပ်သည့် ကုန်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများနှင့် ၀န်ဆောင်မှုလုပ်ငန်းများ၊
• အခြားဒေသများမှ ပြဿနာများကို သင်ခန်းစာယူ၍ လွန်ခဲ့သည့် ဆယ်စုနှစ်(၂)ခုအတွင်း ရေးဆွဲဖော်ထုတ်ခဲ့ကြသည့် အ ကောင်းဆုံး အလေ့အထလမ်းညွှန်ချက် အများစုကို ဖြည့်ဆည်းပေးနိုင်သည့် ပြန်ပြည့်မြဲ ရေအားလျှပ်စစ်စွမ်းအင် စီမံကိန်း များကိုသာ၊
• "လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်အရ လက်သင့်ခံနိုင်သည့် ရေအားလျှပ်စစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ။" အဆိုပါစီမံကိန်းများ သည် ရပ်ရွာဆွေးနွေးတိုင်ပင်မှု၊ ယဉ်ကျေးမှုအရ လိုက်လျောညီထွေရှိမှု၊ FPIC နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာ ဆန်းစစ်ချက်တို့နှင့် ပတ်သက်သည့် အနိမ့်ဆုံးစံသတ်မှတ်ချက်များကို ဖြည့်ဆည်းပေးရမည်။ သက်ရောက်ထိခိုက်သည့် မြစ် ၀ှမ်းဒေသများ၌ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာနှင့် လူမှုစီးပွားရေး အခြေခံအချက်အလက် များကို လေ့လာဆန်းစစ်သည့် အခါ မြန်မာ့လူ့ဘောင် အသိုက်အ၀န်း၊ အသက်မွေးဝမ်းကျောင်းမှုစနစ်များနှင့် မြစ်ဝှမ်းအောက်ပိုင်းဒေသများ၏ ကွဲပြားစုံလင်မှုများ ကို ခွဲခြားဖော်ထုတ်ရမည်။

Powered by KnowledgeArc