Spectrum noline nosdkn largerS Csw3 

EJ 57 S173700779 H

 

Spectrum

Sustainable Development Knowledge Network

"Resources - Rights - Justice"

အခွန်ကောက်ခံခြင်း

ပညာရှင်များက သာတူညီမျှရှိ၍ ကျယ်ပြန့်ခိုင်မာမှုရှိသည့် အခွန်ကောက်ခံမှုစနစ်ကို ရေးဆွဲဖော်ထုတ်ခြင်းသည် နိုင်ငံအတွင်း အစိုးရမှ ပြည်သူများအား တာဝန်ခံမှုရှိလာအောင် လုပ်ဆောင်သည့် လုပ်ငန်းစဉ်၏ အဓိကအစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ဟု သတ်မှတ်ကြသည်။


အခွန်ကောက်ခံမှုနှင့် ပတ်သက်သည့် Spectrum ၏ လုပ်ငန်းမှာ အခွန်ကောက်ခံမှုအတွက် အံ့သြသင့်စေသည့် သတင်းစကား တိုများ "အခွန်ဆောင်တာ မင်းအတွက် ကောင်းပါတယ်" ကို မြင့်တင်ခြင်း သို့မဟုတ် အခွန်ကောက်ခံမှုသည် လူထုလိုအပ် ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အစိုးရ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးသည့် စနစ်တစ်ရပ်ဖြစ်ကြောင်း တိုက်တွန်းအား ပေးခြင်းဖြစ်သည်။
လွန်ခဲ့သည့် ၃-၄ နှစ်တာကာလများ၌ ကျွန်ုပ်တို့မှ နိုင်ငံတကာအခွန်တရားမျှတမှုရှိရေး လုပ်ငန်းများကို စောင့်ကြည့်လေ့လာခဲ့ သည်။ အထူးသဖြင့် သယံဇာတအရင်းအမြစ်လုပ်ငန်းများနှင့် သဘာဝသယံဇာတ ဖွံ့ဖြိုးရေးလုပ်ငန်းများမှ ပေးဆောင်ရသည့် မူပိုင်ခအမျိုးမျိုးနှင့် မတူညီသည့် အခွန်ကောက်ခံမှုပုံစံများကို စောင့်ကြည့်လေ့လာခဲ့သည်။ ရှေ့လာမည့်အနာဂတ်၌ကျွန်ုပ်တို့ဆက်လက် တိုက်တွန်းဆောင်ရွက် သွားမည့် လုပ်ငန်းများမှာ -
ပြည်တွင်းနှင့် နိုင်ငံတကာဆိုင်ရာ အခွန်စည်းကြပ်မှု လုပ်ငန်းစဉ်
• EITI လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ဒေသဖြစ်သော အကျိုးအမြတ်ပိုင်ဆိုင်မှုနှင့် အခွန်ပေးဆောင်မှုများ အပြည့်အ၀ ပွင့်လင်း မြင်သာမှုရှိရေး
• မြန်မာနိုင်ငံတွင်း လာရောက်ရင်းနှီးလုပ်ကိုင်သည့် ကုမ္ပဏီများမှ ၀င်ငွေခွန်သက်သာမှုကို အသုံးပြုခြင်းထက် သတ်မှတ်ထား သည့်အတိုင်း အခွန်ပေးဆောင်မှုရှိစေရန်
ပြည်တွင်းအခွန်လုပ်ငန်းစဉ်
• ကျယ်ပြန့်ခိုင်မာ၍ သာတူညီမျှမှုရှိသည့် အခွန်စနစ်အားဖြင့် အမျိုးသားအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခြင်း
• လက်တွေ့အသုံးဝင်သော အခွန်စည်းကြပ်မှုစနစ်ဖြစ်လာစေရန်အတွက် ပြုပြင်ပြောင်းလဲရန် လိုအပ်သည့်ရှုထောင့်များကို ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ခြင်း
• မြန်မာပြည်တွင်း ရှာဖွေရရှိသည့် ၀င်ငွေများအပေါ် မြန်မာနိုင်ငံမှ အခွန်စည်းကြပ်နိုင်ရန် အခွန်နှစ်မျိုးကောက်ခံရေး သဘော တူညီချက်များကို မြှင့်တင်အားပေးခြင်း

Powered by KnowledgeArc