Spectrum noline nosdkn largerS Csw3 

EJ 41 S114439906 H

 

Spectrum

Sustainable Development Knowledge Network

"Resources - Rights - Justice"

ရိုးဖြောင့်မှု ဂုဏ်သိက္ခာ တည်ဆောက်ခြင်းနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး

"အကျင့်ပျက်ခြစားမှုသည် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ခြိမ်းခြောက်မှုကြီးတစ်ရပ်ဖြစ် သည်။

အကျင့်ပျက်ခြစားမှုသည် ဈေးကွက်များကို ချိနှဲ့စေခြင်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေရုံ မျှမက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကိုပါ ကျဆင်းသွားစေနိုင်သည်။ လူထုဝန်ဆောင်မှုများနှင့် အစိုးရအရာရှိများအပေါ် ယုံကြည်မှုတို့ကို ဆုတ်ယုတ် အားလျော့စေသည်။ ထို့ပြင် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုများကိုပါ ဖြစ်ပေါ်စေလျက်ရှိပြီး အများပြည်သူ၏ ကျန်းမာရေး ကိုလည်း ဘေးသင့်စေခဲ့သည်။"
ဘန်ကီမွန်း၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး၊ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၃ ရက်၂၀၁၃ခုနှစ်တွင်  ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေး ဗျူရိုဥက္ကဋ္ဌ မျိုးခိုင်ဆွေ၏ မြန်မာနိုင်ငံအတွင်း အကျင့်ပျက်ခြ စားမှုတိုက်ဖျက်ရေး စာတမ်း၌ -
"မြန်မာနိုင်ငံ၏ အစိုးရအဆက်ဆက်မှ အကျင့်ပျက်ခြစားမှုကို ဆန့်ကျင်တိုက်ခိုက်လာခဲ့ကြသော်လည်း အမြစ်ပျက်ပျောက် ကွယ်သွားခြင်းမရှိခဲ့ပေ။ အချို့သော အစိုးရ၀န်ထမ်းများက ဥပဒေကို ဖောက်ဖျက်၍ အစိုးရနှင့် အစိုးရ၀န်ထမ်း တစ်ဦး အနေ ဖြင့် စောင့်ထိန်းအပ်သည့်ဂုဏ်သိက္ခာကို မျက်ကွယ်ပြုကာ ပြစ်မှုကျူးလွန်ခဲ့ကြသည်။ ထို့ကြောင့် အကျင့်ပျက်ခြစားမှုသည် ယဉ်ကျေးမှုတစ်ရပ်အနေဖြင့် ပြန့်ပွားလာခဲ့သည်။ အာဏာအလွဲသုံးစားမှုနှင့် အဂတိလိုက်စားမှုသည် လူထုမှ အထူးအာရုံစိုက် သည့် ကဏ္ဍများဖြစ်သည်။ အကျင့်ပျက်ခြစားမှုသည် အုပ်ချုပ်စီမံရေးနှင့် လူ့အခွင့်အရေးများကို အဟန့်အတားဖြစ်စေပြီး ထိ ခိုက်ရသည့် တိုင်းပြည်များ၏ ဂုဏ်သိက္ခာ၊ နိုင်ငံရေးလုပ်ငန်းစဉ်နှင့် စီးပွားရေးကို ယိုယွင်းပျက်စီးစေလျက်ရှိသည်။"
Spectrum အနေဖြင့် အကျင့်ပျက်ခြစားမှုသည် စီးပွားရေးတရားမျှတမှု၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်နှင့် ကောင်းမွန်သည့် အုပ်ချုပ်ရေးအလေ့အထများအပေါ် ရှုထောင်ပေါင်းစုံမှ မည်မျှသက်ရောက်ထိခိုက်လျက်ရှိကြောင်း ဂရုပြုမိခဲ့သည်။ သို့ဖြစ်၍    ကျွန်ုပ်တို့မှ အကျင့်ပျက်ခြစားမှုကို တန်ပြန်တိုက်ခိုက်ရန် ရေရှည်ဂုဏ်သိက္ခာတည်ဆောက်ရေးလုပ်ငန်းစဉ်ကို ရှုထောင့်စုံစုံ လင်လင်ဖြင့်  ရေးဆွဲဖော်ထုတ်၍ အထောက်အကူပြုရန် ရည်ရွယ်ခြင်းဖြစ်သည်။
ကျွန်ုပ်တို့မှ ဂုဏ်သိက္ခာတည်ဆောက်ရေးနှင့် ပတ်သက်သည့် အဓိကလုပ်ငန်းကြီးလေးရပ်ကို မြန်မာဘာသာသို့ပြန်ဆို၍ ကျယ် ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးခဲ့သည်။ လက်ရှိအကောင်အထည်ဖော်နေသည့် သုတေသနလုပ်ငန်းများမှ ကျွန်ုပ်တို့၏ လုပ်ငန်းအ အပေါ် စူးစိုက်လုပ်ဆောင်ရန်နှင့် အနာဂတ်လုပ်ငန်းအစီအစဉ်များချမှတ်ရာ၌ အထောက်အကူပြုပါလိမ့်မည်။ ကျွန်ုပ်တို့အနေ ဖြင့် အကျင့်ပျက်ခြစားမှုကို ဂုဏ်သိက္ခာတည်ဆောက်ရေးနည်းလမ်းဖြင့် ဆန့်ကျင်တိုက်ဖျက်ရန် မတူညီသည့် အဖွဲ့အစည်းအ မျိုးမျိုးနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်သည်။

Powered by KnowledgeArc